နယ်ပယ်အားလုံး၌ မြောက်ကိုရီးယားနှင့်ပိုမိုပူးပေါင်းဆောင်ရွက်ရန်ပြုလုပ်နေ–ခရင်မလင်

0
189

မော်စကို၊ဇန်နဝါရီ ၁၇

ရုရှားအနေဖြင့် ထိရှလွယ်သည့် နယ်ပယ်များအပါအဝင် နယ်ပယ်အားလုံး၌ မြောက်ကိုရီးယားနှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ခရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးသည် ရုရှားနိုင်ငံနှင့် ရင်းနှီးသည့်ဆက်ဆံရေးကို ချီးကျူးခဲ့ပြီး သမ္မတဗလာဒီမာပူတင်နှင့်လည်း
ခရင်မလင်နန်းတော်၌ ဆွေးနွေးခဲ့သေးသည်။

မော်စကို၌ပြုလုပ်သည့်ဆွေးနွေးပွဲများနှင့်ပတ်သက်၍ မေးမြန်းရာတွင် မစ္စတာပက်စကော့ဗ်က ကိုရီးယားကျွန်းဆွယ်အခြေအနေများကို ဆွေးနွေးခဲ့သော်လည်း အဓိကအာရုံစိုက်ဆွေးနွေးခဲ့သည်မှာ နှစ်နိုင်ငံဆက်ဆံမှုဖွံ့ဖြိုးတိုးတက်စေရန်သာဖြစ်ကြောင်းပြောကြားခဲ့သည်။

ရုရှားသမ္မတပူတင်သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်ပြီးကတည်းက မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခဲ့ပြီး အမေရိကနှင့် ၎င်း၏ မဟာမိတ်များကမူ ယူကရိန်းစစ်ပွဲအားကူညီရန် ရုရှားထံ မြောက်ကိုရီးယားကဒုံးကျည်များ ပေးခြင်းကို ရှုံ့ချခဲ့သည်။

သို့သော် ရုရှားနှင့်မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးသည် အဆိုပါဝေဖန်မှုများကို အကြိမ်ကြိမ်ပယ်ချခဲ့ပြီး မော်စကိုကမူ မိမိလိုလားသည့် နိုင်ငံများနှင့်ဆက်ဆံရေး တိုးမြှင့်မည်ဖြစ်ကာ ပြုံယမ်းနှင့် ၎င်း၏ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာသဘောတူညီချက်များကို ချိုးဖောက်ခြင်းမရှိဟုလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here