အင်းစိန်မြို့နယ် ပုလဲလမ်းမတွင် ဆိုင်ကယ်မှောက်၍အမျိုးသားတစ်ဦး သတိလစ်ကာ စိုးရိမ်ရ

0
224

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ၊ပုလဲလမ်းမရှိ ဂတ်စ်ဆိုင်အနီးတွင် ဆိုင်ကယ်တစ်စီး  အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ရာမှ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦးသတိ လစ်ကာ စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း တွဲလက်လူမှုကူ ညီရေးအဖွဲ့ထံမှ သိရသည်။

“ဆိုင်ကယ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်တာကို တာဝန်သိပြည်သူ တစ်ဦးက ဆက်သွယ် အကြောင်းကြားလာလို့ သွားခဲ့တာပါ။ ဆိုင်ကယ်မောင်းတဲ့ အမျိုးသားကတော့ သတိလစ်နေတယ်။ အနီရောင်အဆင့်ပေါ့။ ဒဏ်ရာရတာ”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသ ည်။

ဇန်နဝါရီ (၁၇) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာဝန်သိ ပြည်သူတစ်ဦးမှ ဆက်သွယ် အကြောင်းကြားလာသဖြင့် လူနာတင်ယာဉ်ဖြင့် အသင်းမှ သွားရောက်ကာ ဒဏ်ရာရရှိသူအား မြေပြင်ကုသမှုများလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ဆိုင်ကယ် မောင်းနှင်သူ အမျိုးသား (၁) ဦးမှာ ညာလက် ပွန်းပဲ့နှင့် မျက်နှာပွန်းပဲ့ အောက်နှုတ်ခမ်းကွဲ ဒဏ်ရာများရရှိထားပြီး သတိမရ(စိုးရိမ်ရ)အနီရောင် အဆင့် ဖြစ်သဖြင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများမှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယာဉ်မောင်းနှင်သူ များ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက် နာ မောင်းနှင်ရန် အသိပေးပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here