(၉)လအတွင်း မြန်မာ့သတ္ထုတွင်းထွက် ပစ္စည်း ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၁၀ ကျော်ရရှိထား

0
143

၂၀၂၃ -၂၄ ဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၅) ရက်အထိ ကိုးလကျော်ကာအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထု တွင်းထွက်ပစ္စည်းများ တင်ပို့မှုမှ အ မေရိကန်ဒေါ်လာ ၂၁၀ ဒသမ ၁၁၅ သန်းရရှိခဲ့ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုအချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့်နှစ် အလားတူကာလတွင်အမေရိကန်ဒေါ်လာ ၂၂၃ ဒသမ ၆၅၄ သန်းရရှိခဲ့ပြီး ကာလတူ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၃ သန်းကျော် လျော့ကျသွားကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများ သို့ နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၃၀ နီးပါးနှင့် ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၁၈၀ ဒသမ ၅၉၈ သန်း ကျော်ရရှိထားခြင်းဖြ စ်သည်။

ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက် ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွ ပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here