မြန်မာ့ပြောင်းကို ဈေးကွက်​ဟောင်းနိုင်ငံများသို့ ပြန်တင်ပို့နိုင်ရန်စီစဉ်နေ

0
146

မြန်မာ့ပြောင်းကို ဈေးကွက်ပျောက်နေသည့် နိုင်ငံများသို့ ပြန်လည်တင်ပို့နိုင်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ့ပြောင်းကို ယခင်က ဂျပန်၊ ယူအေအီး၊ မလေးရှား၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တင်ပို့မှုရှိခဲ့သော် လည်း ယခုအခါ တင်ပို့မှုပျောက်ကွယ်နေကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် အဆိုပါ နိုင်ငံများသို့ ပြန်လည်တင်ပို့နိုင်ရန်ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် ပြောင်းတင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီလမှ သြဂုတ်လအထိ အခွန်ကင်း လွတ်ခွင့်ဖြင့် နှစ်စဉ်ပြောင်းဆံ တန်ချိန် ၂.၆ သန်းအထိ တင်ပို့မှုရှိနေကြောင်း သိရသည်။

ယခုနှစ်တွင် ပြောင်းလုပ်ငန်းရှင်များအနေဖြင့် အဓိကဈေးကွက် ထိုင်းနိုင်ငံအပါအဝင် ပြောင်းဝယ်လိုအားများသည့် ဖိလစ်ပိုင်၊ တရုတ်၊ စင်္ကာပူ၊ ဗီယက်နမ် နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေးကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here