ရုရှားနှင့်လက်နက်ကုန်သွယ်မှုအတွက် မြောက်ကိုရီးယားအားရှုံ့ချ

0
107

ဆိုးလ်၊ဇန်နဝါရီ ၁၈

တောင်ကိုရီးယား၊အမေရိကနှင့် ဂျပန်တို့၏ နျူကလီးယားဆိုင်ရာသံတမန်များသည် မြောက်ကိုရီးယား၏ မကြာသေးမီကပြုလုပ်ခဲ့သော ဒုံးကျည်စမ်းသပ်မှုများ၊ရုရှားနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုနှင့် ရန်လိုသည့်စကားလုံးများ ပိုမိုပြင်းထန်လာသည့်အတွက်ပြစ်တင်ရှုံ့ချခဲ့ကြသည်။

ယူကရိန်းစစ်၌အသုံးပြုရန်အတွက် ပြုံယမ်းက တာတိုပစ်ဒုံးကျည်များနှင့်အခြားလက်နက်များပေးပို့မှု နှင့်မြောက်ကိုရီးယားနိုင်ငံသားများအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုများကို အာရုံစိုက်ကာ ညှိနှိုင်းလုပ်ဆောင်ရန်လည်း မြောက်ကိုရီးယားဆိုင်ရာအမေရိကန်သံအမတ်ကြီး ဂျန်ပက်ခ်ကပြောကြားခဲ့သည်။

အမေရိက၊ဂျပန်နှင့်‌တောင်ကိုရီးယားတို့သည် မကြာသေးမီနှစ်များအတွင်းကပင် မြောက်ကိုရီးယားအား ဟန့်တားရန် ပူးတွဲကြိုးပမ်းမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကာ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာတွင် သုံးနိုင်ငံအစည်းအဝေးများကျင်းပခဲ့ပြီး ဒုံးကျည်သတိပေးချက်ဆိုင်ရာ အချက်အလက်မျှဝေမှုစနစ်ကိုပါစတင်ခဲ့သည်။

ယခုတစ်ခေါက်အစည်းအဝေးသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က တောင်ကိုရီးယားနှင့်ရင်ကြားစေ့ရေးမလုပ်တော့ဘဲ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါပြင်ဆင်ရေးဆွဲရန်ပြောကြားခဲ့ပြီးနောက်တွင် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here