အင်းစိန်မြို့နယ် သီရိမင်္ဂလာလမ်းမပေါ်တွင် တွဲကားနှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိရာမှ (၂) ဦး အသက်ဆုံးရှုံး

0
165

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်း မ DENKO ဆီဆိုင်အနီးတွင် တွဲကားနှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားရာ လိုက်ထရပ်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ အသက်ဆုံးရှုံးခဲ့ရကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဇန်နဝါရီ (၁၈)ရက် ည (၈)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြ စ်ပြီး တာဝန်သိပြည်သူတစ်ဦးမှ ဆက်သွယ်အကြောင်းကြား လာသဖြင့် လက်လူမှုကူညီရေးအဖွဲ့မှ လူနာတင်ယာဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။

“ယာဉ်တိုက်မှု သတင်းအရ သွားရောက်ခဲ့တာ လိုက်ထရပ်ယာဉ်က ယာဉ်မောင်း အခင်းဖြစ်ရာနေရာမှာပဲ ကာလာပြော င်းသွားတယ်ပေါ့။ ယာဉ်အကူကတော့ ဆေးရုံကို ပို့ဆောင်နေတဲ့ လမ်းမှာတင် ကာလာပြောင်းသွားတယ်ပေါ့နော်။”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ အတည်ပြုသည်။

ဖြစ်စဉ်နေရာအရောက် လိုက်ထရပ်ယာဉ်မှ ယာဉ်မောင်းမှာ ကားဦးခေါင်းခန်းတွင် ညပ်ပြီး ‌ေ-သဆုံး နေပြီး ယာဉ်အကူ တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ချိန် လမ်းတွင် ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ ရုပ်အ လောင်းများအား တွဲလက်လူမှုကူညီရေးအဖွဲ့မှ အနာဂါတ်သွေးနှင့် လူမှုကူညီရေးအသင်းနှင့် ပူးပေါင်းကာ အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here