ဟူသီတို့က အမေရိကန်ရေနံတင်သင်္ဘောကို ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့

0
135

ဝါရှင်တန်၊ဇန်နဝါရီ ၁၉

အီရန်ကျောထောက်နောက်ခံပြု ဟူသီစစ်သွေးကြွအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက်နှောင်းပိုင်းက အမေရိကန်ရေနံတင်သင်္ဘောတစ်စင်းအား သင်္ဘောဖျက်ဒုံးကျည်နှစ်စင်းဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောအနီး ရေပြင်ကိုထိမှန်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း အမေရိကန်စစ်တပ်ကပြောကြားခဲ့သည်။

ယီမင်နိုင်ငံ၏နေရာအများစုကို ထိန်းချုပ်ထားသည့် ဟူသီသူပုန်များသည် ကြာသပတေးနေ့အစောပိုင်းကပြုလုပ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းတို့သည် Chem Ranger အမည်ရှိ ရေနံတင်သင်္ဘောအား တိုက်ရိုက်ထိမှန်စေသည့် ရေတပ်သုံးဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ဟူသီအဖွဲ့က ၎င်းတို့၏ယခုတိုက်ခိုက်မှုသည် အစ္စရေးတိုက်ခိုက်မှုအောက်ရောက်နေရသည့် ပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်းဖြစ်ကြောင်းပြသလိုခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

အဆိုပါအခြေအနေများကြောင့်ပင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့သည် ပြီးခဲ့သည့်အပတ်ကတည်းက ယီမင်ရှိ ဟူသီတို့၏နေရာများအားပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကာ အ မေရိကန်သမ္မတကမူ ၎င်းတို့အား အကြမ်းဖက်အဖွဲ့ဝင်အဖြစ်သတ်မှတ်ထားသည်။

Source – ရိုက်တာ/အာအယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here