လေထုအရည်အသွေးမြှင့်တင်ရေး အရေးပေါ်အစီအစဉ်ဆွဲရန် ထိုင်းတရားရုံးညွှန်ကြား

0
156

ဘန်ကောက်၊ဇန်နဝါရီ ၁၉

ထိုင်းနိုင်ငံသည် နှစ်စဉ်လေထုညစ်ညမ်းမှုသည် အထွဋ်အထိပ်သို့ရောက်ရှိနေသဖြင့် အဆိုပါလေထုညစ်ညမ်းမှုအားတားဆီးရေးကို ရက်ပေါင်း ၉၀ အတွင်းဆောင်ရွက်ရန် အရေးပေါ်စီမံချက်တစ်ရပ်အား ရေးဆွဲချမှတ်ရန် ထိုင်းတရားရုံးက ဇန်နဝါရီ ၁၉ ရက်ကညွှန်ကြားခဲ့ကြောင်းသိရသည်။

လယ်သမားများ၏ တောင်ယာမီးရှို့မှု၊စက်မှုလုပ်ငန်းများမှ မီးခိုးများ၏အန္တရာယ်နှင့် မော်တော်ယာဉ်အိတ်ဇောများမှထွက်သည့် မီးခိုးများတိုးလာခြင်းကြောင့်လည်း ထိုင်းနိုင်ငံ၌ ယခုနှစ်အစောပိုင်းကာလများအတွင်း လေထုအရည်အသွေးများလည်းကျဆင်းလာသည်။

ပြီးခဲ့သည့်နှစ်ကလည်း ဘန်ကောက်အပါအဝင် မြောက်ပိုင်းမြို့တော်တစ်ခုဖြစ်သည့် ချင်းမိုင်သည်လည်း ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံးမြို့များစာရင်းတွင်ပါဝင်ခဲ့သည်။

ချင်းမိုင်အုပ်ချုပ်ရေးတရားရုံးသည် ဒေသတွင်းရှိသဘာဝပတ်ဝန်းကျင်ကော်မရှင်အား အဆိုပါလေထုညစ်ညမ်းမှုအားဖြေရှင်းနိုင်မည့် ရေတိုနှင့်ရေရှည်အစီအစဉ်တစ်ရပ်အား ရက် ၉၀ အတွင်း ရေးဆွဲတင်ပြရန်လည်းညွှန်ကြားခဲ့သည်။

လက်ရှိဝန်ကြီးချုပ်သစ် ဆရီသာသာဗီဆင်သည်လည်း လေထုညစ်ညမ်းမှုအား နိုင်ငံ၏အရေးကြီးအစီအစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်းဖြေရှင်းသွားမည်ဖြစ်ကြောင်းကတိပြုထားသည်။

သောကြာနေ့နံနက်ပိုင်းတွင် ဘန်ကောက်သည် ကမ္ဘာ့လေထုအဆိုးရွားဆုံးမြို့များစာရင်း၏ နံပါတ် ၁၀ နေရာ၌ရှိနေကြောင်း လေထုညစ်ညမ်းမှုထိန်းချုပ်ရေး IQAir ၏ထုတ်ပြန်ချက်အရသိရသည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here