Solar လျှပ်စစ်စီမံကိန်း (၁၈)ခုအနက် စီမံကိန်း (၆)ခု လက်မှတ်ရေးထိုးပြီးဖြစ်

0
150

လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအထောက်ကူပြုနိုင်မည့် Solar လျှပ်စစ်စီမံကိန်း (၁၈)ခုအနက် စီမံကိန်း (၆)ခု လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲနိုင်ရေးအတွက် LNG စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်နိုင်ရေးနှင့် နေရောင်ခြည်သုံး လျှပ်စစ်ထုတ်လုပ်သုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အားစနစ်တွေထဲမှာ ရရှိတဲ့ဓာတ်အားတွေကို ဝေမျှပြီးသုံးစွဲလျက်ရှိပါတယ်။ လက်ရှိအခြေအနေမှာ ရေအားလျှပ်စစ်စက်ရုံတွေဖြစ်တဲ့ ဘီလူးချောင်း (၁)(၂)(၃) ရေအားလျှပ်စစ်စက်ရုံတွေရဲ့လျှပ်စစ်ဓာတ်အား (၂၄၀) ကျော်မဂ္ဂါဝပ်ကို သော်လည်းကောင်း၊ ရွှေကျင်ရေအားလျှပ်စစ်စက်ရုံကနေ လျှပ်စစ်ဓာတ်အား (၉၀) မဂ္ဂါဝပ်ကိုသော်လည်းကောင်း ဒီရေအားလျှပ်စစ် စက်ရုံတွေကနေပြီးတော့မှ သွယ်တန်းပေးတဲ့တာဝါတိုင်တချို့ ဖျက်ဆီးခံထားရတဲ့အတွက်ကြောင့် လျှပ်စစ်ဓာတ်အားပေးပို့တဲ့နေရာမှာ လျော့နည်းလျက်ရှိပါတယ်။ နွေရာသီမှာလည်း ရေအားလျှပ်စစ်စက်ရုံတွေကရေကို အသုံးပြုပြီး နွေရာသီမှာ ဆက်လက်ပြီးတော့ သုံးစွဲနိုင်ဖို့အတွက် ထိန်းသိမ်း မောင်းနှင်နေရတယ်”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန် ကြားရေးမှူး ဦးရဲတိုးသွင်ကပြောသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်စရိတ်သည် တစ်ယူနစ် ပျမ်းမျှ ၁၄၈ ကျပ်ခန့် ရှိသော်လည်း အစိုးရမှ ပြည်သူတွေထံ ရော င်းချပေးသည့် ဓာတ်အားခနှုန်းထားမှာ တစ်ယူနစ် ၁၂၂ ကျ ပ်ခန့်သာ ရှိသည့်အတွက် ၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်က လျှပ်စစ်ဓာတ်အားခ ကျပ် ၁၄၀၀ ဘီလီယံကျော် စိုက်ထုတ်ကျခံခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here