ခြေစမ်းပွဲများတွင် ရလဒ်ဆိုးနေသည့် မက်ဆီ၏ အင်တာမိုင်ယာမီ

0
79

လီယွန်နယ်မက်ဆီလက်ရှိကစားနေသည့် အင်တာမိုင်ယာမီအသင်းသည် ခြေစမ်းပွဲများတွင် ရလဒ်များဆိုးဝါးနေကြောင်း သိရသည်။

အင်တာမိုင်ယာမီအသင်းသည်လာမည့် ဒီရာသီအတွက် မက်ဆီ၏ ဘာစီလိုနာမှ တွဲဖက်ကစားဖော်ဖြစ်သည့် ဆွာရက်စ်ကို ခေါ်ယူထားပြီး မက်ဆီနှင့် ဆွာရက်စ်တို့၏ တွဲလုံးများကို ပရိသတ်များက များစွာမျှော်လင့်ထားကြသည်ကို တွေ့ရသည်။

လက်တွေ့အခြေအနေတွင် အသင်း၌ ယင်းတို့ကို ထောက်ပံ့ဖန်တီးပေးမည့်ကစားသမားမရှိဘဲ ကစားကွက်ကို ကိုယ်တိုယ်ဖန်တီး ကစားနေရကာ တစ်သင်းလုံး၏ တာဝန်ကို နှစ်ယောက်တည်းထမ်းထားရသည့်ပုံစံမျိုးကိုလည်း မြင်တွေ့နေရသည်။

အင်တာမိုင်ယာမီသည် ခြေစမ်းပွဲ (၂) ပွဲ ကစားပြီးချိန်တွင် (၁) ပွဲသရေ (၁) ပွဲရှုံးနိမ့်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here