ပြည်ပ (၂၆) နိုင်ငံမှ ဒေါ်လာသန်း ၃၀ ကျော် တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းတန်ချိန် ၁၃၀၀ ကျော် တင်သွင်းခဲ့

0
72

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ပနိုင်ငံပေါင်း (၂၆) နိုင်ငံမှ အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၅၁၉ သန်း တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းတန်ချိန် ၁၃ဝဝ ကျော် တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

နိုင်ငံတော်အနေဖြင့် အများပြည်သူ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆေးရုံ၊ ဆေးခန်းများကို ဖွင့်လှစ်ပေးနေသကဲ့သို့ ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကိုလည်း သတ်မှတ်စည်းမျဉ်းများနှင့် အညီခွင့်ပြုလျက်ရှိကြောင်း သိရသည်။

လိုအပ်သည့် ဆေးဝါးများကိုလည်း အလွယ်တကူဝယ်ယူရရှိစေရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ ဆေးဝါးတင်သွင်းမှုများကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်​ပေး​နေရာ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံပေါင်း (၂၆) နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅၁၉ သန်းတန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း တန်ချိန် ၁၃၀၀ ကျော်ကို တင်သွင်း ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးနှင့်ဆေးပစ္စည်းများမှာပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ တရုတ်၊ ဆိုက်ပရက်စ်၊ အီကွေဒေါ၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ နယ်သာလန်၊ ပါကစ္စတန်၊ စပိန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ပေါ်တူဂီ၊ ထိုင်း၊ အမေရိကန်၊ ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here