၂၀၂၄ တွင် ဆက်တိုက်ရှုံးပွဲ ကြုံတွေ့နေရသည့် သက်ထားသူဇာ

0
97

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် DAIHATSU INDONESIA MASTERS 2024 တွင်လည်း ထပ်မံရှုံးနိမ်ခဲ့ပြီး ၂၀၂၄ တွင် ဆက်တိုက်ရှုံးပွဲကြုံတွေ့နေကြောင်း သိရသည်။

DAIHATSU INDONESIA MASTERS 2024 ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ဇန်နဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၂၀,၀၀၀ အထိ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် လက်ရည်စစ် ရှုံးထွက်အဆင့်မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အဆင့် (၅၆) ရှိ ထိုင်ဝမ်ကြက်တောင်မယ် Huang Yu-Hsun နှင့် ယနေ့နံနက်က ယှဥ်ပြိုင်ကစားခဲ့သည်။

ထိုသိုယှဥ်ပြိုင်ကစားရာ ပထမပွဲစဥ် ၂၁ မှတ် ၁၇ မှတ် ဖြင့် သက်ထားသူဇာက အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဥ်တွင် ၂၁ မှတ် ၁၃ မှတ်၊ တတိယပွဲစဥ်တွင် ၂၁ မှတ် ၁၇ မှတ်ဖြင့် ထိုင်ဝမ်ကြက်တောင်မယ်က အနိုင်ရရှိခဲ့သည့်အတွက် ထိုင်ဝမ်ကြက်တောင်မယ်က (၃၂) ဦးအဆင့်သို့ တက်ရောက်သွားခဲ့သည်။

သက်ထားသူဇာသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ပြိုင်ပွဲ ၃ ခုတွင် ဝင်ရောက်ယှဥ်ပြိုင်ရာ ၃ ပွဲလုံးရှုံးနိမ့်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here