ဒဂုံဆိပ်ကမ်းမြို့နယ် မြတ်နိုးသူကွင်း၌ ကရိန်း ကြိုးပြတ်ကျမှုဖြစ်ပွားပြီး အမျိုးသား (၂) ဦး အသက်ဆုံးရှုံး

0
159

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြိုနယ်၊ (၆၇) ရပ်ကွက်၊ မြတ်နိုးသူကွင်း၌ ကရိန်းတစ်စီးမှ ကြိုးပြတ်ကာ ပြုတ်ကျရာမှ အမျိုးသား (၂) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၂၃) ရက်၊ နံနက် (၉) နာရီဝန်းကျင်အချိန်ခန့်က ဝန်ချီစက် ကျိုးပြတ်ကာ မတော်တဆလဲကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူနာ (၂)ဦးရှိကြောင်း သတင်းအရ အကြင်နာကုသိုလ်ပြုလူမူကူ ညီရေးအဖွဲ့နှင့် သာကေတကွန်ရက်အဖွဲ့တို့မှ သွားရောက်ခဲ့ကူညီခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အရေးပေါ်လူနာတင်ယာဉ် အကူညီတောင်းခံရာ အကြင်နာကုသိုလ်ပြု လူမူကူညီရေးအဖွဲ့နှင့် သာကေတ ကွန်ရက်အဖွဲ့များမှ သွားရောက်ကာ ပူးပေါင်းကူညီခဲ့ကြကြောင်း အသင်းများထံမှ သိရသည်။

“ပရဟိတအဖွဲ့တွေလဲ အချိန်မီကူညီနိုင်ဖို့ ကြိုးစားပေမယ့် မကယ်လိုက်နိုင်ဘူး။ မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်” ဟု အသင်းမှ ဆိုသည်။

ဖြစ်စဉ်ကြောင့် ဦးမျိုးမြင့်အောင် အသက် (၃၅)နှစ်မှာ နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရပြီး ဦးမန်းကျော် အသက် (၃၈) နှ စ်မှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် စံပြဆေးရုံပို့ဆောင်ခဲ့ရာ ဆေး ရုံသို့ ရောက်ရှိပြီး မိနစ်အနည်းငယ်ခန့်အကြာတွင် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံ ရဲတပ်ဖွဲ့မှ သေမှုသေခင်းဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here