မလေးရှားရောက် မြန်မာနိုင်ငံသား (၂) ဦး ထီပေါက်၍ ကျပ်သိန်း (၁၀၀၀) ကျော် နှင့် သိန်း (၂၇၀) ကျော် ကံထူး

0
146

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား (၂) ဦး ထီပေါက်ကာ မြန်မာငွေ သိန်း ၁၀၀၀ ကျော် နှင့် သိန်း (၂၇၀) ကျော် ကံထူးခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား) မှ သိရသည်။

မြန်မာနိုင်ငံ၊ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်နှင့် ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်တို့မှ မြန်မာနိုင်ငံသား (၂) ဦးသည် ရင်းဂစ် (၁၅၀၀၀၀) ဆုနှင့် ရင်းဂစ် (၃၇၅၀၀) ဆု အသီးသီး ကံထူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကူညီထုတ်ပေးဖို့ အဖွဲ့ကို အကူအညီတောင်းခံခဲ့တာကြောင့် သွားရောက်ထုတ်ယူတဲ့အခါ အားလုံးအဆင်ပြေခဲ့ပါတယ်” လို့ မလေးရှားရောက် မြန်မာလုပ်သားများ၏ အခက်အခဲများကို ကူညီဆောင်ရွက်ပေးနေသည့် အဆိုပါအဖွဲ့မှ ပြောကြားထားသည်။

တောင်ကုတ်မြို့နယ်မှ ကိုမြင့်ဇော်သည် အိပ်မက်ဂဏန်းကို ထီထိုးခဲ့ရာမှ ရင်းဂစ် (၃၇၅၀၀) ဆု ပေါက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မြင်းခြံမြို့မှ ကံထူးရှင်က နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား) သို့ ပရဟိတကူညီမှုများ လုပ်ဆောင်ပေးနိုင်ရန် ရင်းဂစ် ၅၇၉၂ ကို လှူဒါန်းပေးခဲ့သလို တောင်ကုတ်မြို့နယ်မှ ကံထူးရှင် ကိုမြင့်ဇော်ကလည်း ရင်းဂစ် (၃၀၀၀)ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

“အခုလို လှူဒါန်းပါသော အလှူရှင်မိသားစုများ ကျန်းမာချမ်းသာပါစေ။ လှူဒါန်းမှုတို့အတွက် ကျေးဇူးအထူးပင်တင်ရှိပါသ ည်” ဟု နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)အဖွဲ့မှ ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here