အမှိုက်ပုံများမီး​လောင်မူဖြစ်ပွားနေရာ ပဲခူး မြသီတာကျေးရွာအနီးရှိ ဆင်ဖြူကွင်းအမှိုက်ပုံတွင် မီးလောင်မှုထပ်မံဖြစ်ပွား

0
193

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊မြသီတာကျေးရွာအနီးရှိ ဆင်ဖြူကွင်းအမှိုက်ပုံတွငိ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း (၂) ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ယနေ့ ဇန်နဝါရီ (၂၃) ရက်၊ နေ့လယ် (၂)နာရီ၊ မိနစ်(၂၀)အချိန်ခန့်က ပဲခူးမြို့နယ်၊ မြသီတာကျေးရွာအနီးရှိ ဆင်ဖြူကွင်းအမှိုက်ပုံမှာ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်ဖြူကွင်း အမှိုက်ပုံတွင် ဇန်နဝါရီ (၁၁)ရက် နေ့ လယ် (၁) နာရီ၊ မိနစ် (၂၀) အချိန်ခန့်ကလည်း မီးလောင်မှု ဖြစ်ပွားခဲ့သေးရာ ပဲခူးခရိုင်မီးသတ်စခန်းနှင့် ပဲခူးမြို့နယ် မီးသတ်စခန်းတို့မှ ရေသယ်ယာဉ် (၄)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီ (၂၃) ရက် နေ့လည် (၁၂)နာရီခွဲဝန်းကျင်ကလည်း လှိုင်သာယာမြို့နယ်ရှိ  ထိန်ပင်အမှိုက်ပုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁၂)နာရီ (၅၈)မိနစ်အချိန်တွင် မီး ငြိမ်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြိုနယ်၊ လက်ပံကျေးရွာတွင်ရှိ အမှိုက်ပုံတွင် ဇန်နဝါရီ (၁၈) ရက်၊ ည (၉) နာ ရီ အချိန်ခန့်ကလည်း အမှိက်ပုံ မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်းနှင့် ဇန်နဝါရီ (၆) ရက် ညနေ (၆)နာရီခွဲအချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြိုနယ်၊ စက်မှုဇုံ (၂)၊ ဆိပ်ကမ်းသာပတ်လမ်းအနီးရှိ အမှိုက်ပုံတွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သေးကြောင်းလည်း မီးသတ်တပ်ဖွဲ သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here