နိုင်ငံခြားရေးဝန်ကြီးဌာနမှ လစ်လပ်လျက်ရှိသောနေရာအတွက် ရေးဖြေစာမေးပွဲကျင်းပ

0
86

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ရာထူးနေရာအတွက် ရွေးချယ်ခန့်အပ်နိုင်ရန် ရေးဖြေစာမေးပွဲကို ယနေ့ ဇန်နဝါရီ (၂၃)ရက် ရက်၊ နံနက် (၁၀)နာရီမှ နေ့လယ် (၁) နာရီအထိ နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အငယ်တန်းစာရေး ရာထူးနေရာအတွက် ရွေးချယ်ခန့်အပ်နိုင်ရန် ရေးဖြေစာမေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများကကြည့် ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ အငယ်တန်းစာရေး ရာထူးနေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုသူများအား လူတွေ့စစ်ဆေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here