ယီမင်၌ အမေရိကန်နှင့်ဗြိတိန်တပ်များက ထပ်မံတိုက်ခိုက်

0
178

ဝါရှင်တန်၊ဇန်နဝါရီ ၂၃

အမေရိကန်နှင့်ဗြိတိန်တပ်ဖွဲ့ဝင်များသည် ယီမင်ရှိဟူသီတပ်ဖွဲ့ဝင်များ၏နေရာများအား ထပ်မံတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယခုတိုက်ခိုက်မှုတွင် ဟူသီတို့၏မြေအောက်သိုလှောင်ရာနေရာများနှင့် ၎င်းတို့၏ ပင်လယ်နီအတွင်းရှိသင်္ဘောများအားတိုက်ခိုက်ရာ၌အသုံးပြုသည့် ဒုံးကျည်နှင့်ထောက်လှမ်းရေးစွမ်းရည်များကိုပါဖျက်စီးခဲ့ကြောင်း ပင်တဂွန်ကပြောကြားခဲ့သည်။

ဟူသီတို့ကမူ ၎င်းတို့၏တိုက်ခိုက်မှုများသည် အစ္စရေး၏တိုက်ခိုက်မှုအားခံနေရသည့် ပါလက်စတိုင်းပြည်သူများနှင့် တစ်သား တည်းရပ်တည်ကြောင်းပြသလိုသဖြင့် ယခုကဲ့သို့ တိုက်ခိုက်နေခြင်းဖြစ်သည်ဟုဆိုခဲ့သည်။

ဟူသီတို့၏တိုက်ခိုက်မှုများကြောင့် ကမ္ဘာတစ်ဝန်း ပို့ဆောင်ရေးကိုအနှောင့်အယှက်ဖြစ်စေပြီး ကမ္ဘာ့ငွေကြေးဖောင်းပွမှုဖြစ်လာမည်ကိုလည်း စိုးရိမ်စေကာအစ္စရေး – ဟားမတ်စ်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသအား မတည်မငြိမ်ဖြစ်စေနိုင်သည်ဟူသော စိုးရိမ်မှုများလည်းမြင့်တက်လာခဲ့သည်။

ယင်းစိုးရိမ်မှုများကြောင့်ပင် အမေရိကနှင့်ဗြိတိန်တို့ဦးဆောင်သည့် မဟာမိတ်များသည် ဟူသီတို့အားတုန့်ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများအား ဩစတြေးလျ၊ဘာရိမ်း၊ကနေဒါနှင့်နယ်သာလန်တို့ကလည်းကူညီခဲ့ကြောင်းသိရသည်။

Source : ရိုက်တာ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here