Radio Frequency Identification (RFID) စနစ်အကောင်ထည်ဖော်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထား

0
201

မော်တော်ယာဉ်များ၏ မှတ်ပုံတင်ဆိုင်ရာ အချက်အလက်များကို စစ်ဆေးထိန်းချုပ်သည့်စနစ် Radio Frequency Identification (RFID) စနစ် အကောင်အထည်ဖော်ဆောင် ရွက်ရန်အတွက် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့‌ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်များ၏ မှတ်ပုံတင်ဆိုင်ရာ အချက်အလက်များကို စစ်ဆေးထိန်းချုပ်ရန် Radio Frequency Identification (RFID) စနစ်ကို အကောင်ထည်ဖော်ရန်အတွက် ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီများကို ပဏာမအရည်အသွေးစစ်ဆေးလွှာ (Pre-qualification Application)ခေါ်ယူထားခြင်းဖြစ်သည်။

ယင်း Radio Frequency Identification (RFID) စနစ်အကောင်ထည်ဖော်မည့် ရင်းနှီးမြှုပ်လိုသူများသည် နိုင်ငံသားဖြစ်စေ၊ နိုင်ငံသားနှင့် နိုင်ငံသားခြားသားတို့ ဖက်စပ်ဖွဲ့စည်းထားသည့် ကုမ္ပဏီဖြစ်စေ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်းလည်း သိရသည်။

ထို့အပြင် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် ပဏာမအရည်အသွေး စစ်ဆေးလွှာ (Pre-qualification Application) များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကွန်ပြူတာ)ဌာနတွင် ဇန်နဝါရီ (၂၂) ရက်မှ ဖေဖော်ဝါရီ လ (၅) ရက်အထိ လျှောက်လွှာဝယ်ယူနိုင်ကြောင်း အသိ ပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here