မြင်းခြံထွက် ကြက်သွန်နီများ မန္တလေးဈေးကွက်တွင်မျက်နှာပန်းလှ​နေ

0
157

ဇန်နဝါရီလ ဒုတိယပတ်မှစတင်ကာ မန္တလေးဈေးကွက်အတွင်း၌ မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးမြို့အခြေစိုက် ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

“မန္တလေးဈေးကွက်ထဲ အဝင်များတဲ့အထဲမှာ မုံရွာ၊ မြစ်သားနဲ့ ပခုက္ကူဘက်ကထွက်တဲ့ ကြက်သွန်နီတွေလည်းပါပါတယ် ။ အဲဒီကြက်သွန်နီတွေလည်း  ပုံမှန်အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေပါတယ်”ဟု ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

ပြည်တွင်းဈေးကွက်အပြင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကလည်း ကြက်သွန်နီများကို ဝယ်ယူမှုများပြားသဖြင့် အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။

“မန္တလေးဈေးကွက်ထဲမှာ အခုလက်ရှိ မြင်းခြံဘက်က ထွက်တဲ့ ကြက်သွန်နီတွေကို ကုန်သည်တွေ တော်တော်များများ ဝယ်ယူနေကြတယ်”ဟု ကြက်သွန်ကုန်သည်တစ်ဦးက ဈေး ကွက်အခြေအနေကို ရှင်းပြသည်။

မန္တလေးဈေးကွက်အတွင်း ဇန်နဝါရီ (၁၉) ရက်ပေါက်ဈေးအရ မြင်းခြံဘက်မှထွက်ရှိသည့် ကြက်သွန်နီ တစ်ပိဿာလျှင် ၂၁ဝဝ ကျပ် ဈေးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here