ပဲခူးမြို့နယ်ရှိ ရာဘာမှိုင်းခံ စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားပြီး (၁) နာရီကြာငြှိမ်းသတ်ခဲ့ရ

0
144

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၊ မဇင်းရပ်ကွက်၊ တိုးချဲ့ (၂)လမ်းရှိ ရာဘာမှိုင်းခံ စက်ရုံမီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ် (၆)စီးဖြင့် သွားရောက်ပြီး (၁)နာရီဝန်းကျင်ကြာအောင် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဇန်နဝါရီ (၂၄) ရက်၊ နံနက် (၁)နာရီ (၃၈) မိနစ်အချိန်ခန့်က ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာရှိ ရာဘာမှိုင်းခံ စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပဲခူးတိုင်း/ခရိုင်/မြို့နယ်မီးသ တ်စခန်းတို့မှ မီးသတ်ယာဉ် (၆)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို (၁)နာရီနီးပါးခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၂)နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here