ပုဂံဒေသကို ထိုင်းနှင့် ရုရှား ခရီးသွား အများဆုံးလာရောက်လည်ပတ်

0
231

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွားဝင်ရောက်မှုအနေဖြင့် ထိုင်းနှင့် ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များ အများဆုံး လာရောက်လည်ပတ်ကြကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

“ပြည်ပက လာရောက်လည်ပတ်တဲ့အထဲ ထိုင်းကအများဆုံး။ ပြီးတော့ ဒုတိယအများဆုံး ရုရှားပေါ”ဟု ပုဂံဌာနခွဲမှ တာ ဝန်ရှိသူက ပြောသည်။

ပြည်တွင်းခရီးသွားများလည်း အခါကြီး ရက်ကြီးများအပြဘင် ရုံးပိတ်ရက်များသာမက ကြားရက်များတွင်လည်း အဖွဲ့လိုက် လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။

“စနေ၊ တနင်္ဂနွေ လည်ပြီးရင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးဆိုရင် ခြောက်ကပ်ကျန်ခဲ့တာ။ အခုကျတော့ အဲ့ဒီလို မဟုတ်တော့ဘူး။ ကြားရက်တွေမှာလည်း ဧည့်သည်မပြတ်ဘူး။ အဖွဲ့လို က်တွေ အခုထိ စည်ကားနေဆဲပဲ”ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ပြည်ပခရီးသွားများ စီးနင်းမှုအများဆုံးရှိသည့် မီးပုံပျံကို ကုမ္ပဏီများဘက်မှ စီးနင်းခဈေးလျှော့ပေးလာသည့်အတွ က် ပြည်တွင်းခရီးသွားများ စီးနင်းမှု ပိုမိုများပြားလာကြောင်းလည်း သိရသည်။

“အရင်တုန်းကဆို ပြည်ပက ဝင်လာတဲ့ ဧည့်သည်တွေပဲ စီးနိုင်တာ။ အခုတော့ ကုမ္ပဏီတွေဘက်က ဈေးလျှော့ထားလို့ မီးပုံးပျံစီးတဲ့ Customer က ပြည်ပထက် ပြည်တွင်းက ပိုများတယ်”ဟု ဆိုသည်။

ယခင်က မီးပုံးပျံစီးနင်းခအဖြစ် တစ်ဦးလျင် ကျပ် ၃ သိန်းခွဲခန့် ပေးရပြီး ယခုအခါ မီးပုံးပျံကုမ္ပဏီများဘက်မှ စီးနင်းခနှုန်းထား လျှော့ချလိုက်သည့်အတွက် တစ်ဦးလျင် ကျပ် ၂ သိန်းခွဲ၊ ကျပ် ၂ သိန်း ၇ သောင်း သတ်မှတ်ကောက်ခံကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here