အင်းစိန်လမ်းမ ဘုရားလမ်းမှတ်တိုင်အနီးတွင် အမျိုးသားတစ်ဦးကို ယာဉ်တစ်စီးမှ တိုက်မိ

0
160

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်တွင် အမျိုးသားတစ်ဦးကို ယာဉ်တစ်စီးမှ တိုက်မိမှုဖြစ်ပွားရာ အတိုက်ခံရသူ အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် သွားရောက်ကူညီပေးခဲ့သည့် ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ ဖြိုးရေးအသင်းမှ သိရသည်။

ဇန်နဝါရီ (၂၄)ရက်၊ နံနက်အစောပိုင်း (၅)နာရီ (၁၀)မိနစ်အ ချိန်ခန့်က အင်းစိန်လမ်းမပေါ်၊ ဘုရားလမ်းမှတ်တိုင်အနီးတွ င် လူတစ်ဦး ယာဉ်တိုက်ခံရ၍ ဒဏ်ရာများရထားကြောင်း အနီးဝန်းကျင်ရှိသူ တစ်ဦးက အသင်းရုံးသို့ ဆက်သွယ် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အမျိုးသား တစ်ဦးကို ကားတစ်စီးက တိုက်မိပြီး မောင်းပြေးသွားတယ်လို့ ကျွန်တော်တို့ဆီ သတင်းဝင်လာလို့ ဖြစ်စဉ်နေရာရောက်တော့ လူနာက သွေးတွေ ဘာတွေထွက်နေလို့ လိုအပ်တဲ့ ကုသမှုတွေလုပ်ပြီး အင်းစိန်ဆေးရုံကို ပို့ပေးခဲ့တာပါ။ ဘယ်ကားက တိုက်သွားတယ်ဆိုတာတော့ မသိရပါဘူး။ မောင်းပြေးသွားတော့လေ။ လူနာကတော့ မစိုးရိမ်ရပါဘူး။ ဆေးရုံရောက်တော့ သတိတွေဘာတွေရပါတယ်။”ဟု အသင်းမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား လိုအပ်သည့် ကနဦးပြုစုမှုများဆောင်ရွက်ပေးကာ အင်းစိန်ဆေးရုံသို့ အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here