နယ်စပ်ပြောင်းတင်ပို့မှု ရပ်တန့်လုနီးပါးဖြစ်နေဟုဆို

0
248

နယ်မြေမတည်ငြိမ်မှုများကြောင့် နယ်စပ်မှတဆင့်ပြောင်းတင်ပို့မှု ရပ်တန့်လုနီးပါးဖြစ်နေကြောင်း ပြောင်းကုန်သည်များ ၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းကို တရုတ်နှင့်ထိုင်းနိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှတဆင့် တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများကြောင့် တင်ပို့မှုမရှိသလောက်ဖြစ်နေကြောင်း သိရသည်။

“တရုတ်နဲ့ ထိုင်းကို ပို့တဲ့ လမ်းကြောင်းတွေက တိုက်ပွဲတွေကြောင့် နယ်မြေလုံခြုံမှုမရှိဘူး။ ကုန်သည်တွေ တော်တော်များများကလည်း မပို့ကြတော့ဘူး။ရပ်လုနီးပါး ဖြစ်နေတယ်။ အခုရေကြောင်းကနေ အဓိကအားထားပြီး ပို့ရမယ့်အနေအထားဖြစ်နေတယ်”ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ရန်ကုန်ဈေးကွက်အတွင်း ဇန်နဝါရီလဆန်းပိုင်း၌ ပြောင်းဆံ ၁ ပိဿာလျှင် ငွေကျပ် ၁၁၈၀ -၁၂၀၀ ကြားပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွင် ၁ ပိဿာ ၁၁၅၀ မှ ၁၁၇၀ ကျပ်အထိ စျေးကျဆင်းနေကြောင်း သိရသည်။

လာမည့် ဖေဖော်ဝါရီ (၁) ရက်မှ ဩဂုတ်လကုန်အထိ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်တင်ပို့မည်ဖြစ်သည့် အတွက် ပြောင်းဈေး ပြန်ကောင်းလာရန်ကုန်သည်များက မျှော်မှန်းထားသည်။ ‌

မြန်မာ့ပြောင်းကို ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဖိလစ်ပိုင် နှင့် ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်၊ အာဖရိကသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here