ရွှေဈေးနှုန်းအား ထိန်းထိန်းသိမ်းသိမ်းဖြင့် ရောင်းဝယ်ကြရန် ရန်ကုန်ရွှေအသင်း အသိပေး

0
125

ပြည်တွင်း ရွှေဈေးနှုန်း တက်ရိပ်ပြလာသည့်အတွက် ဈေးနှုန်းကိုထိန်းသိမ်း ရောင်းဝယ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အသိပေးထားသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းသူ/အသင်းသားများအနေဖြင့် ဈေးနှုန်းအား ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ပေးကြရန်နှင့် လက်ငင်းစနစ်ဖြင့်သာ အရောင်း အဝယ်ပြုလုပ်ကြရန် ယနေ့ ဇန်နဝါရီ (၂၄) ရက်တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃ ၈၅၀၀၀၀ အထိ မြင့်တက်လာကြောင်း သိရသည်။

ပြည်တွင်း‌ရွှေဈေးနှုန်း အတက်အကျသည် ကမ္ဘာ့ရွှေဈေး နှုန်း အတက်အကျပေါ်မှာသာ မူတည်သော်လည်း ကမ္ဘာ့ရွှေဈေးကျနေချိန်တွင် ပြည်တွင်းရွှေဈေးသည်ကျဆင်းမှုမရှိဘဲ မြင့်တက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်ပါတ်ဈေးကွက် အပိတ်ဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးသည် ၂၀၃၀ ဒေါ်လာဖြစ်ပြီး ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းကျော်နှင့်ပြည်တွင်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၃၄၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here