ကမ္ဘောဒီးယား၌ စတုတ္ထမြောက် မျောက်ကျောက် လူနာအားတွေ့ရှိ

0
125

ဖနွမ်းပင်၊ဇန်နဝါရီ ၂၄

ကမ္ဘောဒီးယားနိုင်ငံ၌ စတုတ္ထမြောက် မျောက်ကျောက် (Monkey Pox)ေရာဂါ လူနာအားတွေ့ရှိခဲ့ရသဖြင့် သတိဖြင့်နေထိုင်ကြရန် ပြည်သူများအား ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားထားကြောင်းသိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကထုတ်ပြန်ခဲ့သည့် အမျိုးသားကျန်းမာရေးအင်စတီကျုမှရရှိသောရလဒ်များအရ အဆိုပါအမျိုးသားသည် ဆေးရုံတက်နေရသူတစ်ဦးဖြစ်ကာ ၎င်းတွင် မျောက်ကျောက်ရောဂါအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းသည်စတုတ္ထမြောက် မျောက်ကျောက်လူနာဖြစ်သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယားပြည်သူများအနေဖြင့် မျောက်ကျောက် ရောဂါအား မကူးစက်အောင်မည်သို့ကာကွယ်ရမည်ဟူသောအချက်များအား နားလည်သဘောပေါက်ပြီး ရောဂါမပြန့်ပွားစေရန် ကြိုတင်ကာကွယ်ဖို့အတွက် ပြည်သူများအနေဖြင့် တာဝန်သိစိတ်နှင့်ဂရုစိုက်ကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံအသိပေးပြောကြားခဲ့သည်ဟုသိရသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here