မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ကျဆင်း၊အကွက်ရိုက်ရောင်းချမှုများကိုသာ စိတ်ဝင်စားမှုရှိနေ

0
189

လက်ရှိတွင် မန္တ​လေး​မြေ ဈေးကွက်အတွင်း အရောင်းအဝယ် သိသိသာသာ မြင့်တက်လာခြင်း မရှိသေးသော်လည်း အကွက်ရိုက်ရောင်းချမှုများကို ပိုမိုစိတ်ဝင်စားမှု မြင့်တက်နေကြောင်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်အသိုင်းအဝိုင်းမှသိရသည်။

အရောင်းအဝယ်ဖြစ်နေသည့် အကွက်ရိုက်မြေကွက်များမှာ ချမ်းမြသာစည်၊ အမရပူရ၊ ပြည်ကြီးတံခွန်နှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ ကျေးရွာမြေများဖြစ်ကြောင်း သိရသည်။

” အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ် အေးနေတယ်။ လုပ်ငန်းကြီးသမားတွေက အဝယ်သိပ်မရှိဘူး။ အကွက်ရိုက်မြေကွက်ကိုပဲ လူစိတ်ဝင်စားနေကြတာ။ ဈေးကွက်က တောက်လျှောက်အေးဖို့ပဲရှိမယ်” ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာခြင်းတို့ကြောင့် အရောင်းအဝယ် ကျဆင်းနေခြင်းဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး အပါအဝင် ရန်ကုန်၊နေပြည်တော်ရှိ အိမ်ခြံမြေဈေးကွက်သည်လည်း အရောင်းအဝယ်အေးနေကြောင်း စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here