ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် မြန်မာနေ့ အခမ်းအနားကျင်းပ

0
230

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့ AIB Park ရှိ Expo House တွင်မြန်မာနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနေ့အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာရီ၌ ကျင်းပရာ အစီအစဉ်အရ ပထမဦးစွာ မြန်မာနိုင်ငံတော် သီချင်းနှင့် ကာတာနိုင်ငံတော် သီချင်းများကို ဖွင့်လှစ်၍ နှစ်နိုင်ငံအလံများကိုလွှင့်ထူခြင်း၊ ၊မြန်မာ့ယဉ်ကျေးမှု အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာကုန်သွယ်မှုမြှင့်တင်‌ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က မိန့်ခွန်းပြောကြားကာ ဧည့်သည်တော်များက မြန်မာပြခန်းဆောင်နှင့် ကာတာ ပြခန်းဆောင်တို့ကို သွားရောက်လည်ပတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

Expo 2023 Doha တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာပြခန်းဆောင်ကို ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

Expo 2023 Doha ၏ မြန်မာနေ့ အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ Expo 2023 Doha ၏ Secretary General Mr. Mohamed alkoori နှင့် ပြပွဲတွင်ပါဝင်ပြသသည့် နိုင်ငံများမှ Commissioner General များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Expo 2023 Doha ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ ကျင်းပလျက်ရှိပြီး ပြပွဲကာလ အတွင်း မြန်မာပြခန်းဆောင်ကို TREASURE CAP Company မှ မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here