ဆိုက်ခေါင်တွင် ယနေ့ တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေ

0
157

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိုက်ခေါင်မြို့တွင် ယနေ့ ဇန်နဝါရီ(၂၈)ရက် မွန်းလွဲပိုင်းအချိန်အထိ တိုက်ပွဲများပြန်လည်ငြိမ်သက်နေကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံအချို့ နေအိမ်များသို့ ပြန်လာကြပြီး၊ ပစ္စည်းများပြန်လည်သယ်ယူလျှက်ရှိကြောင်းနှင့် ဆိုက်ခေါင်ဈေးအတွင်းဆိုင်ဖွင့်ထားသည့် ဒေသခံများကလည်း ပစ္စည်းများ ပြန်လည်သယ်ယူနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

” ဆိုက်ခေါင်မှာ အိမ်ပြန်လာကြည့်သူ၊ ပစ္စည်းပြန်လာသယ်သူများပါတယ်။ ဒီနေ့လည်း လက်နက်ကြီးအသံ ဝေးဝေးက ကြားတာကလွဲပီး ကျန်တာထူးထူးခြားခြား မရှိသေးဘူး။ ဆိုက်ခေါင်စျေးမှာ ပစ္စည်းပြန်သယ်သူတွေလည်းရှိတယ်။ စျေးလုံခြုံရေးအတွက် စျေးတာဝန်ရှိသူရော ဆိုင်ရှင်တွေရော နေ့ည စောင့်ကြည့်ပေးနေပါတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဆိုက်ခေါင်မြိုအတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ရရှိနေသေးသော်လည်း ရံဖန်ရံခါ ပြတ်တောက်သွားတတ်ကြောင်းလည်း သိရသည်။

ဆိုက်ခေါင်မြို့ မသမာသူများ နေအိမ်ဖောက်ထွင်းခိုးယူမှုမဖြစ်ပေါ်စေရန် ညပိုင်းလုံခြုံရေးအတွက် ဒေသခံများက ကိုယ်ထူကိုယ်ထ ပတ်ကင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဆီဆိုင်မြို့ ၊ဆိုက်ခေါင်မြို့နှင့် အနီး တဝိုက်ကျေးရွာများရှိ စစ်ရှောင်ပြည်သူများအနေဖြင့် လက်ရှိတွင် မွေတော်ကက္ကူဘုရားတွင် ခိုလှုံလျှက်ရှိပြီး ဒေသခံများက စားဝတ်နေရေးများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

ယခုလ ဇန်နဝါရီ (၂၄)ရက်က စတင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ဆီဆိုင်၊ ဆိုက်ခေါင်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ပြည်သူသိန်းနှင့်ချီ၍ စစ်ရှောင်နေကြရခြင်းဖြစ်သည်။

ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here