ကျိုင်းတုံတွင် ငွေကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

0
108

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ ဇန်နဝါရီလ ၂၂ ရက် မွန်းတည့် (၁၂)နာရီအချိန် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ – မိုင်းဆတ်သွားကားလမ်း၊ နားကော် (၃)ရွာအနီး၌ စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသည့် TOYOTA HILUX REVO မော်တော်ယာဉ် ရောက်ရှိလာသည့်အ တွက် စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့စစ်ဆေးရှာဖွေရာ အားစောနှင့် အားကော်တို့ သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၅၀၀ တုံး၊ အလေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀၂ ကီလို၊ ကတ်တမင်း ၅၅ ကီလိုနှင့် M 16 သေနတ် ၁ လက်၊ ၎င်းကျည် ၃၀ တောင့်၊ M 22 သေနတ် ၁ လက်၊ ၎င်းကျည် ၃၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here