ကိုရီးယားမှ ရာသီချိန်လုပ်သားခေါ်ယူမည့်နိုင်ငံတွင် မြန်မာ မပါဝင်သေးဟုဆို

0
247

၂၀၂၄ ခုနှစ်အတွက် ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သားခေါ်ယူမည့် နိုင်ငံတွင် မြန်မာမပါဝင်သေးကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများထံမှ သိရသည်။

လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံအနေဖြင့် ရာသီချိန်လုပ်သားများကို ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှနေခေါ်ယူရန် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရာသီချိန်လုပ်သား အလုပ်အကိုင်သည် (၈)လလုပ် (၄)လနားစနစ်ဖြင့် ကာလတို လုပ်ကိုင်ရခြင်းဖြစ်ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှလည်း ရာသီလုပ်သားစေလွှတ်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနသို့တင်ပြမှုများရှိကြောင်း သိရသည်။

မြန်မာနှင့် ကိုရီးယား ဒေသန္တရ အစိုးရအချင်းချင်း MoU လက်မှတ်ရေးထိုးမှုများ ပြုလုပ်ထားသည်ဟု အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသော်လည်း ရာသီချိန်လုပ်သားစေလွှတ်ရေးနှင့် ပတ်သက်၍ တောင်ကိုရီးယားအစိုးရမှ ထုတ်ပြန်ရာတွင် မြန်မာ နိုင်ငံပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)က စေလွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here