လှိုင်မြို့နယ်တွင် ကရိန်းကားနှင့် အငှားယာဥ် တိုက်မိမှုကြောင့် (၃) ဦးဒဏ်ရာရ

0
142

ယနေ့ ဇန်နဝါရီ (၂၈) ရက် ညနေပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်တွင် ကရိန်းကားနှင့် အငှားယာဥ်တိုက်မိမှုကြောင့် (၃) ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်၊ (၁၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အုတ်ကျင်းဘူတာရုံလမ်းထိပ်တွင် ယနေ့ ညနေ (၆) နာရီ (၄၃) မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဥ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃) ဦး အနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) နှင့် ကျား (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ရခဲ့သည့်အတွက် ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ပို့ ဆော င်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here