ဓနုဖြူ – ရန်ကုန်ကားလမ်းတွင် ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဆီဘောက်ဆာယာဉ်မောင်း အသက်ဆုံးရှုံး

0
126

ဧရာဝတီတိုင်း ဒေသကြီးရှိ ဓနုဖြူ – ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၄/၂)နှင့် (၁၄/၃)ကြားတွင် ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်း အသက်ဆုံးရှုံးကာ ယာဉ်နောက် လိုက်မှာ စိုးရိမ်ရ ဒဏ်ရာများရခဲ့သည့် ဖြစ်စဉ်ဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ဇန်နဝါရီ (၂၉) ရက် နံနက် (၆) နာရီ (၄၀)မိနစ်အချိန်ခန့်က ဓနုဖြူ – ရန်ကုန်ကားလမ်းတွင် NISSAN အမျိုးအစား (ဖြူနီရောင်) ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာ ချင်းဆိုင်တိုက်မိကြောင်း သတင်းအရ ဓနုဖြူမြို့နယ်မီးသ တ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ယာဉ်မောင်းနှင့် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည့် ယာဉ်နောက်လိုက်တို့အား ပုဏ္ဏမာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ဓနုဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here