စားအုန်းဆီရည်ညွှန်းဈေး သုံးပတ်ဆက်တိုက် မြင့်တက်လာ

0
152

အစိုးရက သတ်မှတ်ပေးနေသည့် စားအုန်းဆီရည်ညွှန်းဈေးမှာ သုံးပတ်ဆက်တိုက် မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ဈေးနှုန်းများအရ သိရသည်။

ယခုတစ်ပါတ်အတွက် သတ်မှတ်ပေးထားသည့် စားအုန်းဆီအခြေခံလက်ကားရည် ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၅၃၈၀ ကျပ်သတ်မှတ်ထားပြီး ပြီးခဲ့သည့်တစ်ပါတ်စားအုန်းဆီရ ည်ညွှန်းဈေးသည် တစ်ပိဿာ  ၅၂၇၅ ကျပ်ဖြစ်ပြီး ၁၀၅ကျ ပ်မြင့်တက်လာကြောင်း သိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်မှဖေဖော်ဝါရီ (၄)ရက် အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၅၃၈၀ ကျပ်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ ၈၅၀၀ အထိ ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း သိရသည်။

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြ ပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့်
မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စားအုန်းဆီ သုံးစွဲမှုပမာဏ တန်ချိန် ၁၀ သိန်းကျော်ရှိပြီး တန်ချိန် ၇ သိန်းကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းနေရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here