သီရိဒုံ နှင့် ဝမ်ယိ ​တွေ့ဆုံ

0
209

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၇ မိနစ်တွင် ထိုင်းတော်ဝင် မင်းသမီး မဟာ ချက်ကရီ သီရိဒုံ သည် ထိုင်းသို့​ရောက်ရှိ​နေ​သော တရုတ်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာဝမ်ယိအား  Sra Pathum နန်းတော် ၌ လက်ခံ ​တွေ့ဆုံခဲ့သည်။

ပြီးခဲ့​သောနှစ် ၂၀၂၃ ၊ဇွန်လ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံတော်ဝင်မင်းသမီး သီရိဒုံနှင့် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးရာ ကော်မရှင်ရုံး၏ ဒါရိုက်တာဝမ်ယိ တို့သည်ပေကျင်း၌ တွေ့ဆုံခဲ့ကြ​သေးသည်။

သူမသည်တရုတ်နှင့်ထိုင်း၏ ချစ်ကြည်ရေးသံတမန်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးတံဆိပ်ကိုရရှိထားသူဖြစ်သည်။  စာပေ၊ ဂီတနှင့် ပန်းချီပညာကို ကျွမ်းကျင်သည့် သူမကတရုတ်ယဉ်ကျေးမှုကို အလွန်နှစ်သက်သူတစ်ဦးဖြစ်သည်။

မင်းသမီးသည်တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့စဥ်က မစ္စတာ တိန်းရှောင်ဖိန်အား ထိုင်းနှင့် တရုတ်တို့သည် အရှေ့တိုင်းလူမျိုးများ၏ ဓလေ့ထုံးတမ်းနှင့် သဘောထားအမြင်များ တူညီကြသောကြောင့် နှစ်နိုငိငံသည် နီးကပ်ပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း ပြောကြားခဲ့​သေးသည်။

မင်းသမီးသီရိဒုံသည် တရုတ်၏ ပြည်နယ်များ၊ မြူနီစီပယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအားလုံးနီးပါးကို လွှမ်းခြုံထားသည့် တရုတ်နိုင်ငံသို့ လည်ပတ်မှု အကြိမ်​ပေါင်း ၅၀ နီးပါးရှိပြီဖြစ်သည်။

Ref: Khaosod
mfa.gov.cn


LEAVE A REPLY

Please enter your comment!
Please enter your name here