သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ဘူမိကွင်းရှေ့တွင် ယာဉ် (၃)စီးဆင့်တိုက်မှု ဖြစ်ပွားရာ (၅) ဦး ထိခိုက်ဒဏ်ရာရ

0
149

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘူမိကွင်းရှေ့တွင် ယနေ့ ဇန်နဝါရီ (၂၉)ရက် နေ့လည်ပိုင်းအချိန်က ယာဉ်(၃)စီး ဆင့်တိုက်မှု ဖြစ်ပွားရာ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်ပွားကြောင်း သတင်းအရ လမ်းကြောင်းကူညီမှုအမှတ်စဉ် (၂)အဖြစ် အသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နေရာအရောက်တွင် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ လူနာ(၅)ဦးအား မြေပြင်ကုသမှုပေးပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းကလည်းရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် မော်တင်လမ်းတောင့်တွင် ယာဉ် (၃) စီး ဆင့်တိုက်မိမှုဖြ စ်ပွားခဲ့ပြီး အသက် (၅၆)နှစ်အရွယ် အမျိုးသား တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး(၆)ဦးထိခိုက်ဒဏ်ရာရခဲ့​သေးသည်။

၃စီးဆင့်တိုက်မှုများ ဖြစ်​ပေါ်​နေသဖြင့် ယာဥ်​မောင်းနှင်ရာတွင် သတိဖြင့် ပုံမှန်​မောင်းနှင်းကြ​စေလို​ကြောင်း မြင်ရသူအ​ပေါင်းက မှတ်ချက်ပြု​နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here