နစက အစိုးရက အာဆီယံ အစည်းအဝေးအတွက် အကြီးတန်းအရာရှိတစ်ဦး စေလွှတ်

0
214

ဒေသဆိုင်ရာ အဖွဲ့အစည်းရဲ့ အဆင့်မြင့်အရာရှိအဆင့် အစည်း အဝေးသို့ ၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ကိုယ်စားလှယ်စေလွှတ်မှုအဖြစ် နစကက လာအိုနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ အကြီးတန်း အရာရှိတစ်ဦး စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

အာဆီယံဟာ နစက ခေါင်းဆောင်တွေကို အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးတွေ၊ ဝန်ကြီးအဆင့်အစည်းအဝေးတွေ တက်ရောက်ရန် နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ်မျိုးကိုသာ​စေလွတ်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

မြန်မာဘက်ကလည်း ဒီအခြေအနေကို လက်မခံတာကြောင့် ကိုယ်စားလှယ်စေလွှတ်တာမျိုး မလုပ်ခဲ့ပေမယ့် လာအိုနိုင်ငံ လွန်ပရာဘန်မှာ ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတော့ နိုင်ငံခြားရေးဋ္ဌာန ဗျူရိုကရက်အကြီးတန်းအရာရှိ ဒေါ်မာလာသန်းထိုက်ကို စေလွှတ် တက်ရောက်စေခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးဖွင့်ပွဲ အခမ်း အနားကို ရောက်ရှိလာတဲ့ ဒေါ်မာလာသန်းထိုက်က အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခြင်း မရှိခဲ့ဘူးလို့​ဖော်ပြကြပါတယ်။ အစောပိုင်းကတော့ သူမဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ တီမောလက်စ်တေ ကိုယ်စားလှယ်တို့နဲ့ ဆွေးနွေးပြောဆိုနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အာဆီယံ ဥက္ကဋ္ဌနေရာ ပြန်ရောက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကာလကြာ ရှည် အရေးကိစ္စအပေါ် နိုင်ငံငယ်လေးက အရွေ့တစ်ခုဖြစ်လာအောင် လုပ်ပြနိုင်မလားဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။

Ref:The Star


LEAVE A REPLY

Please enter your comment!
Please enter your name here