မင်္ဂလာတောင်ညွှန့်မြို့နယ် အထက်ပုဇွန်တောင်လမ်းတွင် ယာဉ်တစ်စီး လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်ပြီး အမျိုး သားတစ်ဦး ဒဏ်ရာရ

0
184

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် Toyota Belta ယာဉ်တစ်စီး လမ်းဘေးဓါတ်တိုင်အား ဝင်တိုက်မိပြီး လူတစ်ဦးညပ် နေသည့်အတွက် ကယ်ထုတ်ခဲ့ရကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်စခန်းမှ သိရသည်။

ဇန်နဝါရီ (၂၉) ရက်၊ ည (၁၁)နာရီ အချိန်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းရှိ မက်ခရို (Makro Myanmar)အနီးတွင် ယာဉ်တစ်စီး လမ်းဘေးဓါတ်တိုင်အား ဝင်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်စခန်းမှ 191 ထွက်ခွာကူညီခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ အမျိုးသား (၁)ဦးအား ပီတိမေတ္တာ ပရဟိတအသင်း Ambulance ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here