ချမ်းမြသာစည်မြို့နယ်တွင် Level 1 အဆင့် မီးလောင်မှု ဖြစ်ပွားပြီးလူနေအိမ် (၅) လုံးခန့်နှင့် လိုက်ထရပ်ယာဉ် တစ်စီး မီးလောင်ဆုံးရှုံး

0
167

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ဇန်နဝါရီ (၂၉) ရက်၊ ည (၆)နာရီ (၅၈)မိနစ်အချိန်ခန့်က Level 1 အဆင့် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် (၅) လုံးခန့်နှင့် လို က်ထရပ် ယာဉ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက်၊ တောင်ရွာသစ်၊ အလယ်ရွာအကွက် နံပါတ် (၈၅၃) ဦးပွားဂုံးကျော် တောင်ဘက်တွင် ဇန်နဝါရီ (၂၉) ရက်၊ ည (၆)နာရီ (၅၈)မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ Level 1 ယာ ဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ ည (၇)နာရီ (၁၅)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၇)နာရီ၊ မိနစ် (၂၀) အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဉ်ကြောင့် နေအိမ်(၅) လုံးနှင့် လိုထရပ်ယာဉ်တစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည့် စစ်ဆေးမှုများလုပ် ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ် ကွက်ကြီး (၈)၊ ရတနာလမ်းသွယ် (၂)တွင် ဇန်နဝါရီ (၂၉) ရက်၊ ညနေ (၄)နာရီ (၈)မိနစ်အချိန်ခန့်ကလည်း မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်မှုကို ပြင်ဦးလွင်ခရိုင်/မြို့နယ် မီးသတ်စခ န်းမှ မီးသတ်ယာဉ် (၃) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းသားများဖြင့် ပူပေါင်း ၍ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ (၄)နာရီ (၂၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here