တစ်ပိသာ ကျပ် ၃၀၀၀၀ ဝန်းကျင်ဖြင့် မုံရွာကွမ်းစျေး စံချိန်တင်မြင့်တက်လာ

0
175

မုံရွာကွမ်းစျေး စံချိန်တင်မြင့်တက်နေကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က မိုးများသည့်အတွက် ကွမ်းခြံများအပျက်အစီးများခဲ့ပြီး ယခု ဆောင်းရာသီတွင်လည်း အအေးပိုသည့်အတွက် ကွမ်းအထွက်လေးနေခြင်းကြောင့် စျေးအဆမ တန်မြင့်နေခြင်းဖြစ်ပြီးလက်ရှိတွင် တစ်ပိသာကျပ် ၃၀၀၀၀ ဝန်းကျင်ဖြစ်​နေကြောင်း သိရသည်။

“လက်ရှိကွမ်းရွက်စျေးက စံချိန်တင်တက်တာပါ။ ကွမ်းခြံလုပ်လာတာ (၁၅)နှစ်အတွင်း စံချိန်တင်စျေးတက်တာပါ။ တစ်ခါမှ အခုစျေးနဲ့ စျေးကွက်ကို မပို့ဖူးပါဘူး”ဟု ကွမ်းစိုက်‌တောင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ကွမ်းစျေးတစ်ပိသာ ၁၄၀၀၀၊ ၁၅၀၀၀ ကျပ်သာရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင်ကွမ်းနုဝါ တစ်ပိသာ ၁၉၀၀၀ ကျပ်စျေး၊ ကွမ်းစိမ်းတစ်ပိသာကျပ် ၃၀၀၀၀ ဝန်းကျင်စျေးဖြစ်နေကြောင်း သိရသည်။

“မုံရွာနယ်မှာက အများက ကွမ်းနုဝါစိုက်ကြတယ်။ ဆောင်းခါမှာ ပုံမှန်ကိုက အထွက်ထက်ဝက်လောက် ကျဆင်းတယ်။ လာမယ့် တစ်လဝန်းကျင်လောက်က စျေးတက်အုံးမယ့်သဘောရှိတယ်။ ကွမ်းအထွက်မသွက်သေးဘူး။ မိုးနည်းနည်းလိုက်မှ ကွမ်းကထွက်တာပါ “ဟု အဆိုပါ ကွမ်းစိုက်တောင် သူက ဆိုသည်။

တပို့တွဲလ၊ တပေါင်းလများတွင် ကွမ်းရွက်များ စုပ်စားပိုး ကျသည့် ရာသီဖြစ်ရာ ကွမ်းရွက်များလိပ်ခြင်း တွန့်ခြင်းများဖြစ်တတ်ကာ ရွက်ပါးကြောလိုက်တတ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here