တဲလ်အဗစ်မြို့အား ဟားမတ်စ်တို့က ဒုံးကျည်မိုးရွာချ

0
383

အစ္စရေးနိုင်ငံအလယ်ပိုင်း တဲလ်အဗစ်မြို့တွင် ရက်သတ္တပတ်များစွာ ငြိမ်သက်နေပြီးနောက် ဒုံးကျည်များ မိုးရွာချသကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၄း၅၀ ဝန်းကျင်တွင် တဲလ်အဗစ်မြို့နှင့် အစ္စရေးအလယ်ပိုင်းတစ်ခွင်ဒေသများအား ထိုသို့တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ယင်းဒေသများတွင် ဒုံးကျည်သတိပေးဥဩသံများ ဆူညံစွာထွက်ပေါ်လာခဲ့သည်။ အစ္စရေးနိုင်ငံ အလယ်ပိုင်းတစ်ဝှမ်းရှိ မြို့ကြီးများတွင် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ဒံးကျည်သတိပေးဥသြသံများကို ရက်သတ္တပတ်များအတွင်း ပထမဆုံးအကြိမ် ပြန်လည်ကြားလာရခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြသည်။

အစ္စရေးမြို့များဆီသို့ ဒုံးကျည်မိုးရွာချသကဲ့သို့ ပစ်ခတ်ခဲ့ကြောင်း ဟားမတ်စ်တို့က အခိုင်အမာ ကြေညာခဲ့သည်။ အစ္စရေးနိုင်ငံ၏ မြို့တော် တဲလ်အဗစ်ကို ဒုံးကျည်များစွာဖြင့် တိုက်ခိုက်ခဲ့ကြောင်းကိုလည်း ဟားမတ်စ်တို့ကပြောသည်။ ယင်းတိုက်ခိုက်မှုသည် ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားများကို သတ်ဖြတ်ခဲ့သည့်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်မှုဖြစ်ကြောင်းကိုလည်း ဟားမတ်စ်တို့က ပြောသည်။

တောင်ပိုင်း Khan Yunis ဒေသဖက်မှ ပစ်ခတ်ခဲ့သည့် မှ ဒုံးကျည် ၁၁ စင်းအနက် ၆ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးသတင်းဌာနတစ်ခုဖြစ်သည့် Ynet သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ မြို့တွင်းလူနေဒေသအများအပြားတွင် ဒုံးကျည်များကျရောက်ခဲ့ပြီး သေကြေပျက်စီးမှုအသေးစိပ်ကို ထုတ်ပြန်ခြင်းမရှိသေးချေ။

သို့ရာတွင် Rishon Lezion ၌ ကားတစ်စီးကို ဒုံးကျည်ထိမှန်ခဲ့ရာ ယင်းကားသည် အစ္စရေးနိုင်ငံမှ နာမည်ကျော် Guy Geor မှပိုင်ဆိုင်သည့်ကားဖြစ်ကြောင်းနှင့် ကားပေါ်တွင် Guy Geor မပါရှိကြောင်း Magen David Adom (MDA) ကို ကိုးကား၍ အစ္စရေး မီဒီယာ N12 က ရေးသားဖေါ်ပြထားသည်။ အသေအပျောက် သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

ပုံစာ – Rishon Lezion ဒေသတစ်နေရာတွင် ကျရောက်လာသော ဒုံးကျည်တစ်ခု (photo credit: ALONI MOR)


LEAVE A REPLY

Please enter your comment!
Please enter your name here