လားရှိုးမြို့တွင် ယနေ့နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွား

0
165

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် ဇန်နဝါရီ (၃၀) ရက်၊ နေ့လည် (၂)နာရီဝန်းကျင်အချိန်က ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားကြောင်း လားရှိုးမြို့ ခံများထံမှ သိရသည်။ 

လားရှိုးမြို့၊ ရပ်ကွက် (၃)၊ သီရိလမ်းပေါ် ၊ ကြာနီ / ကြာညို လမ်းထောင့်ရှိ DR ကုန်မာဆိုင်အနီးတွင် ယနေ့ နေ့လယ်ပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ ဆိုင်ကယ်အတွင်း ထည့်ထားသည့် ဗုံးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ယူဆနေကြသည်။

“ဈေးနားကနေ အသံအကျယ်ကြီး နှစ်ချက်ကြားလိုက်တယ်။ သီရိလမ်းပေါ်  ကြာနီ/ ကြာညိုလမ်းကြား မီးစက် စက်ပစ္စည်းအစုံရောင်းတဲ့ တိုက်စိမ်းဆိုင်ရှေ့ မှာ အနီးနားမှာရှိတဲ့ သူတွေက မီးကို ဝိုင်းငြှိမ်းနေတာ တွေ့ရတယ်”ဟု လားရှိုးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အမျိုးသမီး(၂) ဦး ၊ အမျိုးသမီး (၁) ဦးနှင့် လသားအရွှယ်ကလေး (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် လားရှိုး ကုတင်(၅၀၀) ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဉ်ကြောင့် အနီးပတ်ဝန်းကျင်တွင် ရပ်ထားသည့် ဆိုင်ကယ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here