ကာလုံခေါ်ရန် နာရီပိုင်းသာ အလိုတွင် နစက က နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်

0
242

အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ရန် နာရီပိုင်းသာ လိုတော့သည့်အချိန်တွင် နစကက နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေတစ်ရပ် ထုတ်ပြန်လာသည်ကို တွေ့ရသည်။

အဆိုပါ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ယခင်က ပြဌာန်းးထားသည့် ပုဒ်မအချို့ကို ပြန်လည် ပြင်ဆင်ထားပြီး ဖြေလျှော့မှုများ လုပ်ဆောင်ထားသည်ကို တွေ့ရသည်။

အဓိက အနေဖြင့် နိုင်ငံရေးပါတီများ၏ ပါတီဝင်စည်းရုံးရမည့် ရက်အကန့်အသတ်၊ ပါတီဝင်အင်အားနှင့် ပါတီရုံးခန်းဖွင့်လှစ်ရမည့် သတ်မှတ်ချက်များကို ဖြေလျှော့ပေးထား သည်ကို တွေ့ရသည်။

ထို့အပြင် ပါတီငွေစာရင်းကိစ္စများ၊ ပါတီပိုင်ပစ္စည်းများအား နိုင်ငံတော်ပိုင် သိမ်းယူခြင်းနှင့်ဆိုင်သည့် ပုဒ်မများ ၊ မတရားအသင်း ဆက်သွယ်ခြင်းဆိုင်ရာ ပုဒ်မများနှင့် အကြမ်း ဖက်အဖွဲ့အစည်း ဆက်သွယ်မှုဆိုင်ရာ ပုဒ်မများနှင့် ပတ်သ က်၍လည်း ပြန်လည် ပြင်ဆင်ထားသည်ကို တွေ့ရသည်။

ယနေ့ ပြန်လည် ပြင်ဆင် ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပြည်ထောင်စုအဆင့် ပါတီများအနေဖြင့် ယခင်က ပါတီဝင်အင်အား အနည်းဆုံး တစ်သိန်း စည်းရုံးရမည့်အစား ၅၀၀၀၀ သာ စည်းရုံးရတော့မည်ဖြစ်သည်။

ထို့အပြင် နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ ထက်ဝက် တွင် ပါတီရုံးခန်းဖွင့်လှစ်ရမည့်အစား မြို့နယ်အားလုံး၏ သုံးပုံတစ်ပုံခန့်တွင်သာ ရုံးခန်းဖွင့်လှစ်ရတော့မည်ဖြစ်သည် ။

ထို့အပြင် မှတ်ပုံတင်ကျသည့် ရက်မှ (၆) လအတွင်း သတ်မှတ်ပါတီရုံးများ ဖွင့်ရမည့်အစား ရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်မီအနည်းဆုံး (၃) လအတွင်း ပါတီရုံးများ ဖွင့်လှစ်ရမည် ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂၆)ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တ စ်နှစ်အကြာတွင် ပြန်လည်ပြင်ဆင်သည့် ဥပဒေကို ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နိုင်ငံရေးပါတီ (၄၀) ကျော်ကို UEC က မှတ်ပုံ တင် ခွင့်ပြုပေးထားပြီး ပါတီ (၁၀) ခုကျော် မှတ်ပုံတင်ခွင့် ပြုချက်ရရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။

လာမည့် ဖေဖေါ်ဝါရီ (၁) ရက် (သဘက်ခါ)တွင် နစက အာဏာထိမ်းထားသည်မှာ (၃) နှစ်ပြည့်တော့မည်ဖြစ်ပြီး မနက်ဖြန် ဇန်နဝါရီ (၃၁) ရက်တွင် ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေးကျင်းပမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here