ရှမ်းယူနိုက်တက်အသင်းက ဦးမျိုးလှိုင်ဝင်းကို နည်းပြချုပ်အဖြစ်ခန့်အပ်

0
185

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် ဦးမျိုးလှိုင်ဝင်းကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဧရာဝတီအသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း ပြည့်သွားပြီဖြစ်သည့်အတွက် အသင်းနှင့် လမ်းခွဲခဲ့သည့် ဦးမျိုးလှိုင်ဝင်းကို ရှမ်းယူနိုက်တက်အသင်းက နည်းပြချုပ်အဖြစ် ခေါ်ဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဦးမျိုးလှိုင်ဝင်းသည် မြန်မာနေရှင်နယ်လိဂ်စတင်ကျင်းပသ ည့် ၂၀၀၉ ခုနှစ်ကတည်းက ရန်ကုန်ယူနိုက်တက်၊ နေပြည်တော်၊ ဧရာဝတီ
ယူနိုက်တက်စသည့် ပြည်တွင်းကလပ်များတွင် နည်းပြချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယူ ၁၉ မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ်၊ လက်ရွေးစင်အသင်းကြီး၏ လက်ထောက်နည်းပြ စသည့်အတွေ့အကြုံများစွာပိုင်ဆိုင်ထားသည့် ဝါရင့်နည်းပြတစ်ဦးလည်းဖြစ်သလို ငယ်ရွယ်စဥ် သူ့​ခေတ် သူ့အခါတုန်းကလည်း အလွန်နာမည်ကြီး​သော ​ဘောလုံးကစားသမားဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံဆုကို (၄) ကြိမ်ဆက်တိုက်ရရှိထားသည့် ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် က စားသမားသစ်များကိုလည်း ခေါ်ယူလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here