မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနေရာနှင့်အလုပ်အမှုဆောင်အဖွဲ့နေရာ အတွက် ရွေးကောက်ပွဲကျင်းပမည်

0
224

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံး အဖွဲ့ချုပ်တို့မှ အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ရွေးကောက်ပွဲစည်းမျဉ်းများအတိုင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲ (၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ (၄) နှစ် သက်တမ်းကို လာမည့် ၂၀၂၄ ခုနှစ် မတ်လ (၃၀) ရက်၊စနေ နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၄)နှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်နေရာများ ရွေးချယ်ရာတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ နေရာအတွက် (၁) ဦး၊ ဒုတိယ ဥက္ကဋ္ဌနေရာအတွက် (၃) ဦး (အမျိုးသား  (၂)ဦးနှင့် အမျိုးသမီး (၁) ဦး)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် (၆) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၁ အတွက် (၃) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၂  အတွက် (၁) ဦး၊ ဒိုင်ကော်မတီအ တွက် (၁) ဦး၊ နည်းပြကော်မတီအတွက် (၁) ဦး၊ ကစားသ မား ကော်မတီအတွက် (၁) ဦး၊ အမျိုးသမီးဘောလုံး ကော်မ တီအတွက် (၁) ဦး၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီအ တွက် (၁) ဦး၊ စုစုပေါင်း (၁၉) ဦး ရွေးကောက်တင်မြှောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အထက်ဖော်ပြပါ ရွေးချယ်ခံမည့် နေရာများအတွက် ကိုယ် စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် လျှောက်လွှာများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်မှ စတင်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး တည်ရှိရာ(Goal Hotel၊ ဝေဇယန္တာလမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်) ရွေးကော က်ပွဲကော်မရှင်ရုံးခန်းတွင် နံနက်(၁၀)နာရီမှ မွန်းလွဲ(၃)နာရီအတွင်း ကိုယ်တိုင်လာရောက်ထုတ်ယူတင်သွင်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရန် လျှောက်လွှာပုံစံများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက် မွန်းလွဲ(၃)နာရီ နောက်ဆုံးထား၍ ရွေးကောက်ပွဲ ကော် မရှင်ရုံးခန်းသို့ ကိုယ်တိုင်လာရောက် တင်သွင်းရမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို အသေးစိတ် သိရှိလိုပါက မြန်မာနို င်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင် ဖုန်း- ၀၉၂ ၆၆၀၇၁၄၁၀, ၀၉၉၇၆၅၀၃၂၀၁, ၀၉၅၀၃၅၁၄၃ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here