ငါးမြစ်ချင်းတစ်ပိဿာ ကျပ် ၈၅၀၀ အထိ ဈေးရနေ

0
245

ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် မွေးမြူ ရေးငါးမြစ်ချင်းတစ်ပိဿာ ကျပ် ၂၅၀၀ ထိ ဈေးပိုရနေကြောင်း ညောင်တုန်းမြို့နယ်အခြေစိုက် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ဈေးကွက်မှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ငါးမြစ်ချင်းတစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝ အထိသာ ဈေးရှိခဲ့ပြီး ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ငါးမြစ်ချင်းတစ်ပိဿာလျှင် ငွေကျပ် ၈၅ဝဝ အထိ ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း သိရသည်။

“အခု ငါးမြစ်ချင်းက ပြီးခဲ့တဲ့လကထက် တစ်ပိဿာကို ၂၅ဝဝ ကျပ်အထိ ဈေးပိုရနေပါတယ်”ဟု ရေထွက်ကုန်ပ စ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ညောင်တုန်းမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံလုပ်ငန်းများသည် ဒေသထွက် မွေးမြူရေးငါးများကို ရန်ကုန်မြို့သို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။

ထို့နောက် ရန်ကုန်ဈေးကွက်မှတဆင့် နေပြည်တော်နှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ပြည်တွင်းငါးစားသုံးမှုများတဲ့အပြင် ပြည်ပဈေးကွက်ကိုပါ တင်ပို့လာရတဲ့အတွက် အရောင်းအဝယ်ကောင်းမွန်နေပြီး ဈေးကောင်းလာတာပါ”ဟု ရေထွက်ကုန်ရောင်းချသူတစ်ဦးက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here