ကြည့်မြင်တိုင်မြို့နယ်၊ တစ်ဖက်ကမ်း၊ စက်ဆန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

0
180

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းကျေးရွာတွင် ဇန်နဝါရီ (၃၁) နံနက် (၆)နာရီ (၁၈)မိနစ် အချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ နံနက် (၆)နာရီ (၁၈)မိနစ်အချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ တစ်ဖက်ကမ်း၊ စက်ဆန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ စက်ဆန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၆)နာရီခွဲအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၆)နာရီ (၃၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေး တွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတွင်း မီးလောင်/ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေး မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မပျက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတဝှမ်းလုံးတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်ပျမ်းမျှ မီးလောင်မှု အကြိမ်ရေ ၁၈၀၀ ကျော်ခန့်ဖြစ်ပွားခဲ့ပြီး မီးလောင်ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးအနေဖြင့် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်ခန့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here