(၅၉)ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှစ၍ Air Blow စက်များ အသုံးပြုသွားမည်

0
177

ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဖွင့်လှစ်မည့် (၅၉)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းထီဖွင့်ပွဲနှင့် အွန်လိုင်းအောင်ဘာလေသိန်းထီဖွင့်ပွဲမှစ၍ လူပုဂ္ဂိုလ်များအား အသုံးမပြုဘဲ Air Blow Digital Machine စက်များအသုံးပြု ဖွင့်လှစ်ပေးသွားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲ (ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ Air Blow Digital Machine စက်ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသုံးပြုနေပြီး အက္ခရာနှင့်ဂဏန်းများကို အရွယ်အစား အလေးချိန်တူညီသော ပုံစံတူ RFID law ကိုရွေးချယ်အသုံးပြုထားခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် ထီဖွင့်ပွဲမစတင်မီနှင့် ကျင်းပချိန်အတွင်း RFID law ကိုအသုံးပြုထားသည့် အက္ခရာနှင့်ဂဏန်းဘောလုံးများကို အများပြည်သူမှ ကြည့်ရှု့စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အပြင် လက်ရှိကျင့်သုံးလျက်ရှိသော ထီလက်မှတ်များ ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့် အောင်ဘာလေသိန်းဆုထီစနစ်ကိုကျင့်သုံးနေပြီး ထီဖွင့်ပွဲတွင်လည်း လူပုဂ္ဂိုလ်များအသုံးပြု၍ မဲနှိုက်ရွေးချယ်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here