Digital Payment စနစ်ဖြင့် ယာဉ်စီးခပေးချေရန် YRTC တိုက်တွန်း

0
330

YBS စီးခရီးသည်များ အနေဖြင့် ယာဉ်စီးခပေးချေရာတွင် Digital Payment စနစ်ကို အသုံးပြုရန် YRTC မှ တိုက်တွန်းထားသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများသည် ဇန်နဝါရီ (၃၀)ရက်မှစတင်၍ ယာဉ်စီးခ ၄၀၀ ကျပ်သို့ တရား ဝင်ကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။

“ခရီးသည်တွေအနေနဲ့ YPS ကဒ် သို့မဟုတ် QR Code နဲ့ scan ဖတ်ပြီးပေးချေစေချင်တယ်။ ဒါက Digital payment စနစ်ဖြစ်အောင်လုပ်တာ။ လူတိုင်းဖုန်းသုံးနေတာပဲ။ QR Code သုံးလို့ရတယ်။ အဲဒီလိုမှ မလုပ်ရင် လုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ခရီးသည်တွေအနေနဲ့ အကြွေပြဿနာမရှိရလေအောင် Digital payment စနစ်ကို အသုံးပြုပါလို့ ပြောချင်တယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။

ခရီးသည်များအနေဖြင့် ယာဉ်စီးခပေးချေရာတွင် ငွေသားဖြင့်ပေးချေပါက ၄၀၀ ကျပ်၊ကဒ် သို့မဟုတ် QR code ဖြင့် Scan ဖတ်၍ပေးချေပါက ၃၀၀ ကျပ်သာကျသင့်မည်ဖြစ် ကြောင်း သိရသည်။

“သူတို့ကစက်တွေပိတ်ထားရင် ဘယ်လိုလုပ်မလဲ။ အဲဒီခါကျရင် ငွေသားပဲထည့်စီးရတာ။ ဘာမှမထူးဘူး။ ဖုန်းနဲ့ scan ဖတ်ရအောင်လည်း မော်ဒယ်မြင့်ဖုန်းမှ ။ ဖုန်းတိုင်းမရဘူး။ အဆင်မပြေဘူး” ဟု YBS စီးခရီးသည်တစ်ဦးကပြော သည်။

လက်ရှိတွင် YBS ယာဉ်လိုင်းများတွင် ကတ်စနစ်များ အ သုံးပြုနိုင်သလို မိုဘိုင်းဖုန်းနှင့် Scan ပြုလုပ်၍ ငွေပေးချေနိုင်မည့် YPS-QR Code စနစ်ကိုပါ အသုံးပြုနိုင်ပြီဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း YBS ခရီးသယ်တင်ယာဉ်လိုင်းပေါင်း ၁၁၈ လိုင်းပြေးဆွဲပေးနေပြီး နေ့စဉ် ယာဉ်အစီးရေ ၃,၄၀၀ ကျော်ဖြင့် ခရီးသည် ၁၄ သိန်းခန့်ကို နေ့စဉ် ပို့ ဆောင်ပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here