ယမန်နေ့က ယာယီပိတ်ထားခဲ့သော ထို့ကော်ကိုးလမ်း ပြန်လည်သွားလာခွင်ပြုနေဟု ဆို

0
222

ယမန်နေ့ ဇန်နဝါရီ (၃၀)ရက်က မိုးရွာသွန်းပြီး လမ်းချော်မှုများရှိနေခြင်းကြောင့် ယာယီသွားလာခွင့်ရပ်ဆိုင်းထားသော ထို့ကော်ကိုးလမ်းပိုင်း ယနေ့တွင် ပြန်လည်သွားလာခွင့် ပြုပြီဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်က ပေါ် ပြူလာနယူးစ် ကို ပြောသည်။

“မိုးကသုံးရက်လောက်ရွာလိုက်တာပေါ့။ မနေ့က(ဇန်နဝါရီ ၃၀ )ဆို မိုးတွေတစ်နေ ကုန်ရွာတော့ ဖုန်နဲ့မိုးရေနဲ့လူးပြီးဗွက်ထကုန်တာ။ အချို့ကားတွေဆို ရှေ့ကတစ်စီးတက် ဗွက်နစ် နောက်ကတစ်စီးထပ်တက် ဗွက်နစ်ဆိုတော့ ယာယီပိတ်ထားလိုက်တာပါ။”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကားကြီးများ ပြန်လည်သွားလာနိုင်ရန် လမ်းပိုင်းအား လယ်ထွန်စက်များ မြေထိုးစက်များဖြင့် ညှိယူလျှက်ရှိပြီး၊ အိမ်စီးကားအချို့ ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။

ယင်း လမ်းပိုင်းသည် KNU/KNLA-PC ၏ ထိန်းချုပ်ဒေသအတွင်း ရှိနေခြင်းဖြစ်ပြီး၊ မြ၀တီ-ကော့ကရိတ် အာရှ လမ်းမပေါ် ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါ လမ်းပိုင်းကို အသုံးပြု၍ကုန်စည် ကူးသန်းနေခြင်းလည်းဖြစ်သည်။

KNU/KNLA-PC သည် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာ ချုပ်(NCA) ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)၏ ငြိမ်း ချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နေသော လက်နက်ကိုင်အဖွဲ့တစ်ခုလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here