ဦးသိန်းစိုးးအား UEC ဥက္ကဋ္ဌအဖြစ်မှ အနားပေးကာ  ပြည်ထောင်အဆင့် ပုဂ္ဂိုလ်အချို့ အပြောင်းအလဲပြုလုပ်

0
199

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးးအား အနားပေးကာ ဦးကိုကို အား ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတာဝန်ပေးအပ်လိုက်ကြောင်းသိရသည်။

ယခင် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးအား ကျမ်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုကြောင်း နစက က အသိပေးထားခြင်းဖြစ်သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးမျိုးလှိုင် အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

ထို့အပြင် ဦးထိန်လင်း အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် ဦးအောင်ဇော်အေး အစား ဦးအောင်အောင် အား အစားထိုးခန့်အပ် တာဝန်ပေးအပ်ခဲ့သည်။

ထို့အပြင် နစက အကြံပေးအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်း နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးသန်းဝင်း အား တာဝန်မှအနားယူခွင့်ပြုလိုက် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here